Personal tools
You are here: Home ခလရ တပ်ရင်း (၁၃၀)မှ ကလေးများကို မက်လုံးများပေးပြီး အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းနေခြင်း
Document Actions

ခလရ တပ်ရင်း (၁၃၀)မှ ကလေးများကို မက်လုံးများပေးပြီး အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းနေခြင်း

by Mike last modified 2008-03-14 08:02

၁၃ရက် မတ်လ ၂၀၀၈ခုနှစ် (PWO)၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ မန်တုန်မြို့နယ်ရှိ ခလရ တပ်ရင်း (၁၃၀) မှ ဖေဖော်ဝါရီလ ၂၀၀၈ခုနှစ် တွင် မန်တုန်မြို့နယ်တဝိုက်ရှိ၊ ပလောင်ရွာများဖြစ်ကြသည့်၊ ပန်းဆွေ၊ ထာကျဲက်၊ လွယ်ခမ်း၊ ဟိုပုံ၊ နားဖက်နှင့် ကချင်ရွာ မန်ဦး၊ ဟိုဖုန်း၊ ရော်ဘန်းရွာများရှိ အသက်မပြည့်သေးသော ကလေးငယ်များကို မက်လုံးပေးပြီး ကလေးစစ်သားများ စုဆောင်းနေပါသည်။

တချို့သော ကလေးများက အိမ်ပေါ်က ဆင်းပြီး အဝေးသို့ထွက်ပြေးသွားကြပါသည်။ ထွက်ပြေးသွား သော ကလေးများကို လိုက်ဖမ်း၍ စစ်သားပြန်လုပ်ခိုင်းပါသည်။ ဖမ်း၍ မရသော ကလေးငယ်များကို သူတို့၏ ကိုယ်စား
မိဘများကို ဖမ်းဆီးပြီး တပ်ရင်း၏ ဆောက်လုပ်ရေးတွင် အလုပ်လုပ်ခိုင်းထားပါသည်။

ရွာသားတစ်ဦး၏ ပြောပြချက်အရ မိဘက ဓားစာခံဖြစ်သလို သူတို့သားတွေက ထွက်ပြေးနေကြရတယ်။ သားတွေလည်း ရွာမှာ မနေရဲကြတော့ဘူး ဖြစ်နေတယ်။ မိဘတွေ ခလရ တပ်ရင်း (၁၃၀)က ဖမ်းဆီးပြီး သူတို့၏ ဆောက်လုပ်ရေးမှာ ခိုင်းထားတယ် သူတို့ စားရိတ်ကို သူတို့ စားပြီး တပ်ရင်း၏ အလုပ်ကို လုပ်နေရပါတယ်။ ရွာကော်မတီများက ရွာထဲမှာရှိတဲ့ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်များကို တစ်ပတ်တစ်ခါ သွားပို့ရပါတယ် ပလောင်နှင့်ကချင် အယောက်ပေါင်း (၃၀)ကျော် ဖမ်းဆီးထားပါတယ်ဟု ပြောပြခဲ့ပါသည်။

မန်တုန်မြို့နယ် တဝိုက်ရှိရွာများသည် ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် လက်နက်မအပ်ခင်
ထိန်းချုပ်ခဲ့သောဒေသများဖြစ်သည်။