Personal tools
You are here: Home ထော်လာဂျီမောင်းသော ပလောင်ဒေသခံတစ်ဦးအား အခွန်မပေးဆောင်သဖြစ် အတင်းအဓမ္မလုပ်အားစေခိုင်ခြင်း
Document Actions

ထော်လာဂျီမောင်းသော ပလောင်ဒေသခံတစ်ဦးအား အခွန်မပေးဆောင်သဖြစ် အတင်းအဓမ္မလုပ်အားစေခိုင်ခြင်း

by Mike last modified 2008-03-14 08:02

၁၃ ၊ မတ်၊ ၂၀၀၈ (PWO)၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ် မန်ပန်ကျေးရွာနေ အသက် ၃၈ နှစ် အရွယ်ရှိ ကိုအောင်ခင်အား ထော်လာဂျီဖြင့် ကုန်ပစ္စည်းများ ဝယ်ယူသယ်ဆောင်လာခြင်းအပေါ် အခွန်မပေးဆောင်သဖြင့် တပ်ရင်း ခမရ ၁၃၀မှ အတင်းအဓမ္မ တလတိတိ ကျောက်တုံးသယ်ခိုင်းသည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ကိုအောင်ခင်သည် သူ၏ထော်လာဂျီးဖြင့် နမ့်ခမ်းမှ
ကုန်ပစ္စည်းများဝယ်ယူ၍ မိုင်ဝီးလမ်းအတိုင်း မန်တုန်သို့ပြန်လာခဲ့သည်။ မန်တုန်သို့ရောက်သောအခါတွင် ခလရ(၁၃၀) တပ်ရင်းမှ ကျပ် (၃) သိန်း အခွန်ပေးဆောင်ခိုင်းသည်။ အခွန်မပေးဆောင်နိုင်သောကြောင့် ကိုအောင်ခင်နှင့် သူ၏ထော်လာဂျီးအား တလတိတိကျောက်တုန်းသယ်ခိုင်းသည်။ ကျောက်ကျင်းပေါင်း ၅၀ သယ်ပြီးလျှင် ပြန်လွတ်ပေးမည်ဟုပြောသော်လည်း တကယ်ကျောက်ကျင်း ၅၀ သယ်ပြီးသောအခါတွင်း ကိုအောင်ခင်းမှ ပြန်ခွင့်တောင်းရာ ပြန်မလွတ်ပဲ ယခုချိန်ထိ ဆက်လက် ခိုင်းစေနေသည်။

မျက်မြင် ရွာသားတဦး၏ ပြောပြချက်အရ “ကိုအောင်ခင်၏ထော်လာဂျီသာမကပဲ တပ်ရင်း (ခလရ ၁၃၀) ဌာနခွဲမှူး နေမျိုးဝင်းသည် မန်တုန်ဒေသတွင်းရှိ ရှိသမျှ ကား၊ ထော်လာဂျီများကို သူတို့၏ ၆ ခန်းတွဲ အဆောက်အဦး (၅) လုံးဆောက်လုပ်ရေးတွင် အသုံးပြုရန်အတွက် ဖမ်းဆီးထားသည်” ဟုပြောပါသည်။ ၎င်းအား လားရှိုးမြို့ရှိ စစ်အင်ဂျင်နီယာ (စအရ ၉၅၉) က တာဝန်ယူ၍ ဆောက်လုပ်ခဲ့သည်။ ယခုချိန်တွင် စအရ (၉၅၉)များမှ ဆက်လက်တာဝန်ယူ မလုပ်ဆောင်နိုင်သောကြောင့် (ခလရ ၁၃၀) မှ တာဝန်ယူပြီး ဆက်လက် ဆောက်လုပ်နေပါသည်။

ထိုပြင် စရဖ (စစ်လုံခြုံရေး) မိုးလိုဒေသမှလည်း သစ်ကား သရီးဂရောင်းတစ်စီးလျှင် ကျပ် (၂-၃)သိန်း
အခွန်ကောက်ခံသလို တခြားသော ဌာနပေါင်းစုံကလဲ ကျပ် (၃)သိန်းဖြင့် ကောက်ခံပါသည်။ (စရဖ)က အခွန်ကောက်ခံပြီး ကားသမားများကို လွတ်ပေးချင်ပါသည်။ တပ်ရင်းများက ကားကို မလွတ်ဘဲ
အဆောက်အဦးတွင် အသုံးပြုထားပါသည်။ ထိုကြောင့် စရဖနှင့် တပ်ရင်း ခလရ (၁၃၀) ကြားတွင်
မကြေလည်မှုများလည်းရှိနေပါသည်။

မန်တုန်နယ်တွင်းရှိ ကားများသာမက တခြားမြို့နယ်က လာသောကားကိုလည်း ဆွဲထားသောကြောင့်
ကားသမားများက မန်တုန်နယ်တွင် မနေတော့ဘဲ ခရီးထွက်ကုန်ကြပါသည်။ ဒေသခံပြည်သူလူထုများလည်း
သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးအတွက် ဒုက္ခရောက်ကုန်နေကြသည်။