Personal tools
You are here: Home ပြည်လုံးကျွတ် ဆန္ဒခံယူပွဲထောက်ခံရန်အတွက် ထောက်ခံလက်မှတ်များ လိုက်လံကောက်ခံနေခြင်း
Document Actions

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲထောက်ခံရန်အတွက် ထောက်ခံလက်မှတ်များ လိုက်လံကောက်ခံနေခြင်း

by Mike last modified 2008-03-14 08:02

၁၃ရက် မတ်လ ၂၀၀၈ ခုနှစ် (PWO)၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်နှင့် မန်တုန်မြို့နယ်ရှိ အစိုးရဝန်ထမ်းများသည် အသက် ၁ဂနှစ် ပြည့်သူတိုင်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုထောက်ခံရန်အတွက် မြို့နယ်တဝိုက်ရှိ ရွာတိုင်းတွင် အစိုးရဝန်ထမ်းများဖြစ်သော ကျောင်းဆရာ၊ ဆရာမ များ ကြံခိုင်ရေးအဖွဲ့ဝင်များ နှင့် စည်ပင်သာယာမှ အဖွဲ့ဝင်များဦးဆောင်၍ ထောက်ခံလက်မှတ်လိုက်၍ကောက်ခံနေပါသည်။

လက်မှတ်ထိုးရာတွင် အသက်၁ဂနှစ်အထက် ပြည့်ပြီးသူတိုင် မှတ်ပုံတင်အမှတ်၊ အိမ်ထောင်စု ဇရင်းဇယားများပြ၍ လက်မှတ်ထိုး ရသည့်အပြင် တစ်ဦးလျှင် ကျပ်ငွေ ၂၅ဝကျပ် ပြန်ပေးဆောင်ရသေးသည်။ ၂ ရက်၊ မတ်လ၊ ၂၀၀၈ခုနှစ်မှစ၍ နမ့်ဆန်မြို့နယ်တွင် ကောက်ခံခဲ့ပြီး ၇ ရက်၊ မတ်လ၊ ၂၀၀၈ ခုနှစတွင် မန်တုန်မြို့နယ်တွင် ယနေ့ထိတိုင်ကောက်ခံလျက်ရှိပါသည်။

ဒေသခံရွာသားများ၏ ပြောပြချက်အရ “အရင်တုန်းက ကျနော်တို့ဆီမှာ အိမ်ထောင်စု စာရင်းကောက်ခံပါတယ်၊ အိမ် ထောင်စုစာရင်းကိုလည်း အတင်းအဓမ္မ လဲခိုင်းပါတယ်။ အခုလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ထောက်ခံဖို့ဆိုပြီး မှတ်ပုံတင် နံပါတ်၊ အိမ်ထောင်စုစာရင်းနှင့် ငွေ ၂၅၀ ကျပ်း ပေးပြီးလက်မှတ်ထိုးရတယ်။ ဘာကို ထောက်ခံခိုင်းလဲတော့ မသိပါဘူးဟု” ပြောပြပါသည်။


နောက်တစ်ဦးကတော့ “ကိုယ့်အတွက် ဘာအကျိုးအမြတ်ရမလည်းတော့မသိဘူး ဘုမသိ၊ ဘမသိ လက်မှတ်ထိုးလိုက်ပါတယ်။ လူဦးရေများတဲ့အိမ်ဆိုရင် တစ်ဦးကို ၂၅၀ ပေးရရင်တော့ မလွယ်လှပါဘူး။ ကျနော်တို့ကတော့သိပါတယ်။ ဒါပေမယ့် ထောက်ခံ ရတာပဲ။ မထောက်ခံရင် သူတို့က ဘာကြောင့် မထောက်ခံလဲလို့ မေးမှာပဲ မဟုတ်လား။ ငွေ ၂၅၀နဲ့ စကားမများခြင်းဘူးဟု” လက်မှတ်ထိုးခဲ့သူတစ်ဦးမှ ပြောပြပါသည်။

နောက်ဆုံးတစ်ဦးကတော့ “ကျနော်တို့ မန်တုန်မြို့ကိုလည်း အသက် ၁ဂနှစ်အထက် ပြည့်သူတိုင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လက်မှတ်ထိုးခိုင်းပါတယ်။ ကျနော်တို့ကတော့ သိနေတယ်ဆိုတော့ မထိုးဘူး။ ဘာမှမသိတဲ့ လူထုတွေကျတော့ လက်မှတ်ထိုး လိုက်တာပါပဲ။ ပြည်သူလူထုတွေကတော့ ဒုက္ခရောက်ကုန်ကျမှာပဲ။ အစိုးရကောင်းလား မကောင်းဘူးလားတော့ မသိဘူး။ လက်မှတ် ထိုးပေးလိုက်တာပဲဟု” ပြောပြပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်နှင် မန်တုန်မြို့နယ်များသည် ပလောင်လူမျိုးများ အများစုနေထိုင်သော ဒေသများဖြစ်ပါသည်။